SJ WorldNews - шаблон joomla Авто

ပူတာအိုမြို့နယ်အတွင်း ကျေးရွာချင်းဆက် ကျောက်ချောလမ်း ခင်းရာ၌ ရှေးဟောင်း ဘုရားဌာပနာများ တွေ့ရှိ

Monday, 17 February 2020 09:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

ကချင်ပြည်နယ်၊   ပူတာအိုမြို့နယ်၊ ပူးတောင်းကျေးရွာနှင့် မုဒုံ(၁)ကျေးရွာကြား ကျေးရွာချင်းဆက် မြေသားလမ်း ၂ မိုင်ခန့်အား ပူတာအိုခရိုင် ကျေးလက် ဖွံ့ဖြိုးမှုဦးစီးဌာနမှ တာဝန်ရှိအင်ဂျင်နီယာ ဦးဝင်းသန့်အောင် ဦးစီး၍ ကျောက်ချောခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၅ ရက်နံနက် ၁၀ နာရီခန့်တွင် ပူတာအိုမြို့၏ အရှေ့မြောက်ဘက် ၂ မိုင်ခွဲခန့် အကွာ၌ လမ်းဘေး ရေမြောင်းတူးရန် ဘက်ဟိုးယာဉ်ဖြင့် မြေတူးဖော်စဉ် စေတီပုံသဏ္ဌာန် မြေစာပုံအတွင်းမှ အမြင့် ၅ လက်မခန့်ရှိ  ထိုင်တော်မူဓာတ်သား   ဘုရားဆင်းတု ကိုးဆူ၊ ၁ လက်မပတ်လည်ခန့်ရှိ  အစိမ်းရောင် ကျောက်တုံး  ခြောက်တုံးနှင့်  အချင်း ၁ လက်မခွဲ၊ အမြင့် ၃ လက်မခန့်ရှိ စေတီပုံ ငွေခရု တစ်ခုတို့အား တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရှေးဟောင်းဘုရားဌာပနာများအား မုဒုံ(၁)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ရွှေ့ပြောင်း ပူဇော်ထားရှိကြောင်း သတင်း ရရှိသည်။               

Read 41 times Last modified on Monday, 17 February 2020 09:28