SJ WorldNews - шаблон joomla Авто

ဟုမ္မလင်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁) စစ်မှုထမ်းဟောင်း အိမ်ရာရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစု ၀င်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 19 February 2020 09:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမလင်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)စစ်မှုထမ်း ဟောင်းအိမ်ရာရှိ စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ယနေ့နံနက်ပိုင်းတွင်   အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က   အဆိုပါ ရပ်ကွက်ရှိ ဓမ်္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၃၀ဦးနှင့်  မိသားစုဝင် ၁၂၃ဦးတို့ အား ဖျားနာ ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊   အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ၊သားဖွား/မီးယပ်ရောဂါ၊  ကလေးရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

၊၊၊၊၊၊၊၊၊၊၊၊၊၊

Read 37 times Last modified on Wednesday, 19 February 2020 09:16