SJ WorldNews - шаблон joomla Авто

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Wednesday, 19 February 2020 09:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၈

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသေတပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့ နံနက် ပိုင်းတွင်  ကံမမြို့တွင်အခြေပြု၍ လည်းကောင်း၊ နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ရေနံ့သာ ကျေးရွာ၌ လည်းကောင်း ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၄၀၅ ဦးကို ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၆၇၀ ဦး၊ ခွဲစိတ်ရောဂါ ၂၈၉ ဦး၊  ကလေးရောဂါ ၁၂၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၅၉ ဦး၊ အရိုးရောဂါ ၃၀၀ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ  ၇၂  ဦး၊ မျက်စိရောဂါ ၅၈၆ ဦး၊ သွားရောဂါ ၁၂၁ ဦးနှင့် အထွေထွေရောဂါ ၁၈၅ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး  ၎င်းင်းတို့အနက်မှ မျက်စိခွဲစိတ်လူနာကိုးဦးနှင့် အထွေထွေခွဲစိတ်လူနာကိုးဦးတို့ကို ရွေ့လျား ခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၃ ဦး၊ Ultrasound ရိုက်လူနာ ၄၂ ဦး၊ ECG  စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၂၆ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၈၀ ဦးတို့ကို ရွေ့လျား ဓာတ်မှန် ရိုက်ယာဉ်နှင့် ရွေ့လျား ဓာတ်ခွဲခန်း ယာဉ်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူတစ်ဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 43 times Last modified on Wednesday, 19 February 2020 09:19