SJ WorldNews - шаблон joomla Авто

ဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)နှင့်သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ဆရာဝန် (အမျိုးသမီး)ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ ကျင်းပ

Saturday, 22 February 2020 09:00 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၂၁

ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)ဗိုလ်လောင်းသင်တန်းအမှတ် စဉ်(၅)သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီတပ်နယ်ရှိ    တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လူအေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်သက်ပုံ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးနှင့် တပ်နယ်မှ အရာရှိကြီးများ၊  သင်တန်းဆင်း ဗိုလ်လောင်းများ၊ မိဘဆွေမျိုး များနှင့်ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီးလူအေးက သင်တန်းဆင်းဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိခန့်အပ်လွှာများပေးအပ်၍ အမှာ စကားပြောကြားသည်။ အခမ်းအနားအပြီး တွင် စစ်ရာထူးခန့်ချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းဆင်း အရာရှိများနှင့် မှတ်တမ်း ဓာတ်ပုံ ရိုက်ကြသည်။

ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)ဗိုလ်လောင်းသင်တန်းအမှတ် စဉ်(၁) မှ (၄)အထိ အမျိုးသမီးပြန်တမ်းဝင် အရာရှိ ၈၂ ဦးကို သင်တန်းဆင်းပေးခဲ့ပြီးဆေးမှူး ပြန်တမ်းဝင်အရာရှိများအဖြစ် ယခု အခါ တပ်မတော်ဆေး ရုံများ တွင် တာဝန် အသီးသီးထမ်းဆောင်လျက်ရှိကြသည်။ ယခုသင်တန်းအမှတ်စဉ်(၅)အား သင်တန်းသူ လေးဦးဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် မှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်အထိ ရက်သတ်္တပတ် ၁၀ ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Read 106 times Last modified on Saturday, 22 February 2020 09:01