SJ WorldNews - шаблон joomla Авто

တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ကုသမှုခံယူ နေသူများကို ကြည့်ရှုအားပေး

Saturday, 22 February 2020 10:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက် ပိုင်းတွင်  တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦး ချင်း၏ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာ များ ပေးအပ်သည်။

ထို့နောက်  တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်  ဆေးရုံ အတွင်းလှည့်လည်ကြည့်ရှု၍  လိုအပ်သည်များညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။     

 

Read 24 times Last modified on Saturday, 22 February 2020 10:45