SJ WorldNews - шаблон joomla Авто

တောင်ငူမြို့၊ ခရိုင်လုံးဆိုင်ရာ (၅၁)ကြိမ်မြောက် သုဓမ္မာ ပရိယတ်္တိစာပြန်ပွဲ ၀င်ရောက် ဖြေဆိုတော်မူကြသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

Saturday, 22 February 2020 10:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူ ခရိုင်လုံးဆိုင်ရာ (၅၁)ကြိမ်မြောက် သုဓမာ ပရိယတ်္တိစာပြန်ပွဲ ၀င်ရောက် ဖြေဆို တော်မူ ကြသည့် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ မြစည်းခုံစာသင်တိုက်၌ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန်စာသင်တိုက်ဆရာတော် အဂမဟာ ပဏ္ဍိတ အဂမဟာ ဂန၀ါစကပဏ္ဍိတ ဘဒသူရိယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်  အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင် များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ကြာနီကန်စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ် တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ် ပစည်းများ ဆက်ကပ် လှူဒါန်းကြကာ သံဃာ တော်များက အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များက တောင်ငူခရိုင်လုံးဆိုင်ရာ (၅၁)ကြိမ်မြောက် သုဓမာ ပရိ ယတ်္တိစာပြန်ပွဲ ၀င်ရောက် ဖြေဆို တော်မူကြသည့် သံဃာတော် ၆၀၀ ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ တောင်ငူခရိုင်လုံးဆိုင်ရာ (၅၁) ကြိမ်မြောက် သုဓမာ ပရိ ယတ်္တိစာပြန်ပွဲကို တောင်ငူမြို့၊ မြစည်းခုံ စာသင် တိုက်တွင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၂ ရက်ထိပြုလုပ်သွားမည်ဖြစ်ပြီး ဓမာစရိယ စာချတန်း၊  ပထမကြီး၊ ပထမငယ်၊ ပထမလတ်၊ မူလတန်း ပထမဆင့်၊ ဒုတိယဆင့် အတန်းအလိုက် စာသင်သံဃာတော် ၁၀၀၀ပါး ၀င်ရောက် ဖြေဆိုတော် မူခဲ့ကြောင်း သတင်းရရှိသည်။

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

Read 20 times Last modified on Saturday, 22 February 2020 10:56