SJ WorldNews - шаблон joomla Авто

မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာရှိ မနော်ဟရီရွှေစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင် လှူပူဇော်ပွဲပြုလုပ်

Saturday, 22 February 2020 10:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဟန်ထက် ကျေးရွာရှိ ရတနာဘူမိကုန်းတော်ပြင်တွင်တည်ထားကိုးကွယ်တော်မူသော မနော်ဟရီ ရွှေစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူ ပူဇော်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ပြုလုပ်ရာ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့  ဥက မနလေးမြို့၊ ဗန်းမော် ကျောင်းတိုက် ပဓာန  နာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂမဟာသဒဇောတိက ဒေါက်တာ ဘဒ ကုမာရာဘိဝံသ အမှူးပြုသော သံဃာတော် များကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် နှင့်အဖွဲ့ဝင်များ၊ အဂမဟာသီရိသုဓမမဏိ ဇောတဓရ ဦးထွန်းထွန်းနှင့် မိသားစုဝင်များ၊ ကချင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနှင့် ၀န်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ ရှင်အလှူရှင်များ၊ ဒေသခံ ပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့  ဒုတိယဥက  မိုင်းသောက် ဆရာ တော် ဘဒ သုမင်္ဂလာဘိဝံသထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် များထံ ရတနာစိန် ဖူးတော်၊ ငှက်မြတ်နား တော်၊    ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ဝ္ထုတို့ကို ဆက်ကပ်လှူဒါန်းကြ သည်။

ထို့နောက် သံဃာတော်များ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် ဘုံအဆင့်ဆင့်တို့ကို စေတီတော်အား လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး မင်္ဂလာ ရထားပျံဖြင့် စေတီ တော် အထွတ်တွင် တင်လှူပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။

Read 21 times Last modified on Saturday, 22 February 2020 10:58