SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၌ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

Saturday, 22 February 2020 11:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာ ရပ်ကွက်ရှိ ကချင်ပြည်နယ်ပညာရေးမှူးရုံးဝင်းအတွင်း ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ပညာရေးဝန်ထမ်း အိမ်ရာ လေးထပ်ဆောင်ဆောက်လုပ်ရန် အတွက် မြေတူးစဉ် ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိကြောင်း သတင်းပေးချက်အရ နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ    တာဝန်ရှိ သူများက သွားရောက်စစ်ဆေးရာ အလျား  ၃ ပေ၊ အချင်း ၁၃ လက်မရှိ ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါဗုံးသီးဟောင်းအား စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ   ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။             

Read 32 times Last modified on Saturday, 22 February 2020 11:18