SJ WorldNews - шаблон joomla Авто

မယ်စဲ့မြို့နယ်၊ နန့်ပင်လိန်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Saturday, 22 February 2020 11:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ နန့်ပင် လိန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ၅၇ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုး ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြား ရောဂါ၊ ၀မ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် အေးသာယာမြို့၊ စစ်မှုထမ်းဟောင်း အိမ်ရာရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများ၊ ပညာရေး ၀န်ထမ်းများ၊ ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများအား  တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/ တပ်ဖွဲ့များရှိ တပ်မတော် သား မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ  ထွက်ရှိသော  ကြက်သား ၂၀ ပိဿာ၊ ၀က်သား ၄၀ ပိဿာ၊ ကြက်ဥ ၄၀၀၀ လုံး၊ နွားနို့ ၂၀ ပိဿာ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် အ၀တ်အထည်များ၊ လူသုံးကုန်နှင့်စားသောက် ကုန်ပစည်းများအား ပြင်ပ ပေါက်ဈေး ထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။  

..........

Read 23 times Last modified on Saturday, 22 February 2020 11:19