SJ WorldNews - шаблон joomla Авто

အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေး

Wednesday, 26 February 2020 08:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဖေဖော်ဝါရီ   ၂၅

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ တပ်မတော်သား မိသားစုဝင်များ၏ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ နှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့ရှိ    တပ်မတော် ဆေးရုံမှ ပါရဂူနှင့် ဆရာဝန်များက ကလေးငယ် ၂၅၀ ဦးအား ဗီတာမင် အေနှင့်သန်ချဆေးများ တိုက်ကျွေးသည်။

ထို့ပြင် တပ်မတော်သား မိသားစုဝင်များအား တပ်မတော်ဆေးရုံမှ ဆရာဝန်များက Coronavirus Disease 2019(COVID-19)  ရောဂါအကြောင်း၊  ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း အကြောင်း  သိကောင်းစရာအား ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 23 times Last modified on Wednesday, 26 February 2020 08:20