SJ WorldNews - шаблон joomla Авто

သနပ်ပင်မြို့နယ်၊ လောင်မီးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 26 February 2020 08:23 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊   လောင်မီးကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကို   ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က   အဆိုပါကျေးရွာရှိ ဇေယျသိဒ်္ဓိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် သုံးပါးနှင့် ဒေသခံပြည်သူ ၁၀၈ ဦးတို့ကို အဆုတ်ရောင်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေးဖက်နာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးသည်။

ထို့ပြင် တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့မှ နယ်မြေခံ တပ်မတော်သားများက ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများကို တပ်မတော်သား မိသားစုများ၏  တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကြက်သား ၂၀ ပိဿာ၊ ကြက်ဥ ၁၅၀၀ လုံး၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 20 times Last modified on Wednesday, 26 February 2020 08:24