SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာ အောင်မြေရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 26 February 2020 09:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဖေဖော်ဝါရီ   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေ ရပ်ကွက်နှင့် ပတ်ဝန်းကျင်မြို့ပေါ် ရပ်ကွက်များမှ ဒေသခံတိုင်းရင်းသား ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၂၀၅ ဦးကို သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊အရိုး/အကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကလေးရောဂါ၊   ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ အရေပြားရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။  

Read 29 times Last modified on Wednesday, 26 February 2020 09:02