SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၌ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ

Wednesday, 26 February 2020 09:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဖေဖော်ဝါရီ   ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ  ဦးနေမျိုးသန့်၏ နေအိမ်ခြံဝင်း အတွင်း ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် မြေကျင်းတူးစဉ် ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိကြောင်း သတင်းပေးချက်အရ   နယ်မြေခံစစ်မြေပြင် အင်ဂျင်နီယာတပ်မှ  တာဝန်ရှိသူများက  သွားရောက်စစ်ဆေးရာ အလျား ၃ ပေ၊ အချင်း ၁၃ လက်မရှိ    ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဗုံးသီးဟောင်းအား စစ်မြေပြင် အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                    

Read 34 times Last modified on Wednesday, 26 February 2020 09:08