SJ WorldNews - шаблон joomla Авто

မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာ၌ မိုင်းဟောင်း တစ်လုံး ပေါက်ကွဲမှုဖြစ်ပွား

Thursday, 27 February 2020 08:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာ၊ အိမ်အမှတ်၊ ၁၄၂ နေ ဦးမောင်စိန်(ဘ) ဦးကျော်တင်သည် နေအိမ်၌ သင်္ဘောပင် စိုက်ပျိုးရန်အတွက် ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ  ၁ နာရီခွဲခန့်တွင် မြေနေရာ ခုတ်ထွင် ရှင်းလင်း၍ မီးပုံရှို့စဉ် မိုင်းဟောင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး အကျယ် ၁ ပေပတ်လည်၊ အနက် ၁ ပေခွဲခန့်ကျင်း ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ မိုင်းဟောင်းတစ်လုံး ပေါက်ကွဲမှု ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သတင်း ရရှိသည်။ 

Read 31 times Last modified on Thursday, 27 February 2020 09:00