SJ WorldNews - шаблон joomla Авто

မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အင်းတော်မြို့နယ်အတွင်း အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့် ကူညီစောင့်ရှောက်ခြင်းများ ဆောင်ရွက်

Friday, 06 March 2020 08:50 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ် 

၂ဝ၂ဝ ပြည့်နှစ်၊ မတ် ၄ ရက်၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီ မိနစ် ၅ဝ ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၏အနောက်မြောက်ဘက် ၂၁ မိုင်ခန့်အကွာ၌ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး ၅ ဒသမ ဝ အဆင့်ရှိ   အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် အင်းတော်မြို့နယ်အတွင်းရှိ သာသနိက အဆောက်အအုံများ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မတ် ၄ ရက်နှင့် ယနေ့တို့တွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ငလျင်လှုပ်ခတ်မှုကြောင့် အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မင်းသီရိရပ်ကွက်၊ ဒီပင်္ကရာဘုန်းတော်ကြီးကျောင်းရှိ  သုံးထပ်ဆွမ်းစားဆောင် အက်ကွဲပြီး နဂါးရုံဘုရားမုခ်ဦး ပြိုကျပျက်စီးခြင်း၊  အင်းတော်မြို့နယ်၊  ပုန်ဟုန်ကျေးရွာ၊  ရန်အောင်မြင် မင်္ဂလာဘုန်းကြီးကျောင်းရှိ ဓမ္မာရုံဘုရားဆောင် နံရံအက်ကွဲခြင်း၊ ယောဂီဆောင်မျက်နှာကြက် ပြိုကျခြင်း၊

ဘုန်းကြီးကျောင်းမုခ်ဦး   ပြိုကျပျက်စီးခြင်းနှင့်  သရင်းသာကျေးရွာ ဘုန်းကြီးကျောင်းရှိ အုတ်တံတိုင်း ၁၉ ခန်းပြိုကျ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး   အဆိုပါ အပျက်အစီးများအား နယ်မြေခံ တပ်မတော်သားများက ရှင်းလင်းဖယ်ရှားပေးပြီး    လိုအပ်သည့် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။ 

Read 37 times Last modified on Friday, 06 March 2020 08:51