SJ WorldNews - шаблон joomla Авто

အသက်နှစ်နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

Friday, 06 March 2020 08:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ် 

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်၊   တပ်ရင်း/တပ်ဖွဲ့များရှိ  နှစ်နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၄ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊   အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက   သွားရောက်ကြည့်ရှုအားပေးပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ အတွက်  စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထိုသို့ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံမှ ပါရဂူများနှင့် ဆရာဝန်များက ကိုယ်ဝန်ဆောင်မိခင် ၁၂ ဦးနှင့် ကလေးငယ် ၇၁ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊   ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးများ ထိုးနှံ၊  တိုက်ကျွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 43 times Last modified on Friday, 06 March 2020 08:51