SJ WorldNews - шаблон joomla Авто

မိုင်းတွမ်းမြို့နယ်အတွင်း ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Friday, 06 March 2020 08:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၅ဝ ခန့်တွင်   မိုင်းတွမ်းမြို့၏ အရှေ့ဘက် မီတာ ၁၆ဝဝဝ ခန့်အကွာသို့ အရောက်၌ မြေကျင်းတူး၍ မြှုပ်နှံထားသည့် အလျား၂ ပေ ၂ လက်မ၊ အနံ ၁ ပေ ၄ လက်မ၊ အမြင့် ၁ ပေ ၃ လက်မခန့်ရှိ ပလတ်စတစ်ပုံးအတွင်းမှ ၁၂ ဗို့ကျည် ၂၅ဝ တောင့်၊ ပွိုင့်-၃၈ကျည် ၁ဝဝ တောင့်၊  ပွိုင့်-၄၅ ကျည်  ၅ဝ တောင့်၊ ၂ဝ တောင့်ဝင် အမ်-၁၆ ကျည်အိမ်(ဘောက်တို)သုံးခု၊ အသံတိတ်ပြောင်းနှစ်ခု၊ Detonator နှစ်ခု၊  အမ်-၁၆ ဒင် (ကျိုးပဲ့အစိတ်အပိုင်း)(သေနတ်မပါ)တစ်ခုနှင့် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅ သိန်းခန့်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ ခဲယမ်းများနှင့်   မူးယစ်ဆေးဝါးများအား  သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 38 times Last modified on Friday, 06 March 2020 08:52