SJ WorldNews - шаблон joomla Авто

မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊ ရွှေသစ္စာတောရ(ဖားအောက်တောရရိပ်သာ) ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 06 March 2020 08:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ရွှေသစ္စာတောရ (ဖားအောက်တောရရိပ်သာ) ကျောင်းတိုက်မှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် သာသနာ့ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဦးစွာ ဆေးကုသရေး အဖွဲ့က သံဃာတော် ၆ဝ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၄ဝ ပါးနှင့် သာသနာ့ဝန်ထမ်း ၂ဝ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊  သွားနှင့်ခံတွင်းရောဂါ၊   နှလုံးရောဂါ၊  အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် ဆေးကုသရေး အဖွဲ့က ကိုရိုနာဗိုင်းရပ်ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သည့် နေရာများ၌ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါ ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တကုမုဒအား ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 39 times Last modified on Friday, 06 March 2020 08:53