SJ WorldNews - шаблон joomla Авто

တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၌ သီတဂူမေတ္တာစာအောင် ဆုချီးမြှင့် ပူဇော်ပွဲ ပြုလုပ်

Friday, 06 March 2020 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ် 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တတိက္ခသာရနှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့၏ သီတဂူမေတ္တာစာအောင် ဆုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ရှိ သီတဂူမောင်ဗမာဆွမ်းစားကျောင်းဆောင်တော်၌ ပြုလုပ်ရာ ထန်းတပင်မြို့၊ မဟာဝိသုတာရာမကျောင်းကြီးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြသည်။

ဦးစွာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊  စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များနှင့် ဧည့်သည်တော်များက  သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် စာအောင်သံဃာတော်များအား ဆုချီးမြှင့်ပူဇော်ပွဲကို ဆက်လက်ပြုလုပ်ရာ သံဃာတော်များ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  ထန်းတပင်မြို့၊ မဟာဝိသုတာရာမကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။

ယင်းနောက် စာအောင်သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များက နဂါးရုံပရိယတ္တိစာသင်တိုက် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ  သြဝါဒကထာ နာယူကြသည်။   ဆက်လက်၍ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက   သံဃာတော်များ၊ စာအောင်သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ သီတဂူမေတ္တာစာ အောင်ဆုများ ဆက်ကပ်လှူဒါန်းကြပြီး  သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော်   အရှင်တိက္ခသာရထံမှ    အနုမောဒနာတရားနာကြား၍   လှူဒါန်းမှု အစုစုတို့အတွက်   ရေစက်သွန်းချအမျှပေးဝေကြသည်။  ယင်းနောက်  တိုင်းမှူးနှင့် အလှူရှင်များက    စာအောင် သံဃာတော်များအား   ပစ္စည်းလေးပါး လှူဖွယ်ဝတ္ထုများ  ဆက်ကပ်လောင်းလှူ ပူဇော်ကြသည်။

ယနေ့ကျင်းပပြုလုပ်သော သီတဂူမေတ္တာစာအောင် ဆုချီးမြှင့်ခြင်းတွင် တောင်ငူမြို့နှင့် အနီးပတ်ဝန်းကျင် စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ သာသနာ့ဓဇဓမ္မာစရိယ၊ သုဓမ္မာပရိယတ္တိဓမ္မာစရိယ၊ သာသနာ့ လင်္ကာရ၊ ပထမကြီး၊ ပထမလတ်၊ပထမငယ်၊   တတိယအဆင့်မူလတန်း၊ ဒုတိယအဆင့်မူလတန်းနှင့်   တတိယအဆင့် မူလတန်းအောင်    စာအောင်သံဃာတော်  ၂၃၆ ပါးနှင့်   သာသနာနွယ်ဝင်သီလရှင် ၁၆ ပါးတို့အား စာအောင်ဆုများ ချီးမြှင့်ပူဇော်ခဲ့ကြောင်း  သတင်းရရှိသည်။ 

Read 36 times Last modified on Friday, 06 March 2020 08:54