SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့၊ ရှမ်းရိုးမဘော်ဒါဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို သွားရောက်ကြည့်ရှုအားပေး

Friday, 06 March 2020 09:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ် 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ဖွင့်လှစ်ထားရှိသော ရှမ်းရိုးမဘော်ဒါ ဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို မတ် ၄ရက် ညနေပိုင်းတွင်  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ   တိုင်းမှူးက   ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။ ထို့နောက်တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များ ပေးအပ်ကြသည်။

အဆိုပါ ရှမ်းရိုးမဘော်ဒါဆောင်၌ စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား၊ သမီးများနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ဝေးလံခေါင်ဖျားသော ဒေသများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၁၄ ဦးတို့ကို နေထိုင်စားသောက်ရေးနှင့် စာသင်ကြားနိုင်ရန်အတွက် တိုင်းစစ်ဌာနချုပ်မှ အခမဲ့စီစဉ် ဆောင်ရွက် ပေးထားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Read 100 times Last modified on Friday, 06 March 2020 09:12