SJ WorldNews - шаблон joomla Авто

မြိုင်မြို့နယ်၊ မြို့တင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 11 March 2020 08:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁ဝ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြို့တင်ကျေးရွာရှိ  သံဃာတော်များနှင့် ဒေသခံ ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ သာသနာ့ဒီပန်ကျောင်းတိုက် ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် သုံးပါးနှင့် ဒေသခံ ပြည်သူ ၁၂၇ ဦးတို့ကို မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍  လိုအပ်သည့်  ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။       

Read 37 times Last modified on Wednesday, 11 March 2020 08:05