SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 11 March 2020 08:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ နောင်ကာကယ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ   သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ကံ့ကော်ပရိယတ္တိစာသင်တိုက်၊  သန္တိသုခဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၂ဝ ပါးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၁၈ဝ  ဦးတို့ကို သွေးတိုးရောဂါ၊ ကလေးရောဂါ၊ အရိုး/ အကြောရောဂါ၊ အရေပြားရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊  ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 38 times Last modified on Wednesday, 11 March 2020 08:19