SJ WorldNews - шаблон joomla Авто

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ

Wednesday, 11 March 2020 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁ဝ

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄)ရေတပ် ဗောတံတားမှ ထွက်ခွာရာ ဧရာဝတီရေတပ် စခန်းဌာနချုပ်၊ ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊  မိသားစုများက  ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့် အထူးကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊  ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound  ရိုက်ခြင်းနှင့် ခွဲစိတ်ရောဂါများ စသည်ဖြင့် ရောဂါရှာဖွေ စမ်းသပ်ကုသခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် အရေးပေါ် အခြေအနေ ပေါ်ပေါက်ပါက ဆေးရုံတင် ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် ဆေးရုံရေယာဉ်ပေါ်တွင် လူနာ ၃ဝ ဦးအထိ တင်ဆောင် ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်များလည်း ပါရှိကြောင်း သတင်း ရရှိသည်။                         

Read 59 times Last modified on Wednesday, 11 March 2020 08:34