SJ WorldNews - шаблон joomla Авто

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) မအူပင်မြို့နယ်၊ ထနီးကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

Thursday, 12 March 2020 08:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၁

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့ဖြင့် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံပြည်သူ ၆၃၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၆ ဦး၊ ခွဲစိတ်ရောဂါ ၅၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၅ ဦး၊ ကလေးရောဂါ ၄၇ ဦး၊ အရိုးရောဂါ ၇၄ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၄၃ ဦး၊ မျက်စိရောဂါ ၁၁၈ ဦးနှင့် သွားရောဂါ ၅၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၄င်းတို့အနက်မှ အထွေထွေ ခွဲစိတ်လူနာ ၃ဝ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၄ ဦးတို့ကို    ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင်  ဓာတ်မှန်ရိုက်လူနာ  ၂၆ ဦး၊ Ultrasound ရိုက်ကူးလူနာ ၃၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ လေးဦးအား ရန်ကုန်မြို့ရှိ  တပ်မတော်ဆေးရုံများ၌   တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့  ဆောင်ရွက်ပေးမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။ 

Read 32 times Last modified on Thursday, 12 March 2020 08:24