SJ WorldNews - шаблон joomla Авто

ပြည်၊ ပေါက်ခေါင်းနှင့် ပန်းတောင်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

Thursday, 12 March 2020 08:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်နှင့်  ပန်းတောင်းမြို့နယ်တို့ရှိ  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား   ယနေ့ နံနက်ပိုင်းတွင်  ပြည်မြို့ရှိ နဝဒေးခန်းမ၌  တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက   အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်   ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး   စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်၊  နယ်လှည့်ဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၂ဝဝ ဦးနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် ၅ဝ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG  စက်ဖြင့်နှလုံး စမ်းသပ်ပေးခြင်း၊   Ultra sound ရိုက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 50 times Last modified on Thursday, 12 March 2020 08:25