SJ WorldNews - шаблон joomla Авто

ရေဖြူမြို့နယ် အတွင်း၌ မြေမြှုပ်မိုင်းနှစ်လုံး နင်းမိပေါက်ကွဲသဖြင့် အမျိုးသားနှစ်ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိ

Thursday, 12 March 2020 08:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊   ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊  မျောက်ချောကျေးရွာနေ နိုင်ဘိုင်နှင့် ရွာသားလေးဦးတို့သည် ယနေ့ နံနက် ၈ နာရီခန့်တွင် ကျေးရွာအနီးရှိ   ရေပိုက်များပြုပြင်ရန် သွားရောက်စဉ် မျောက်ချောကျေးရွာ၏ မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာနေရာသို့ အရောက်၌ နိုင်ဘိုင်သည် စိစစ်ဆဲ လက်နက်ကိုင်အဖွဲ့   ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ၎င်းတွင်   မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်နေ ဦးနိုင်ဝင်းလှိုင်သည် နံနက် ၉ နာရီခန့်တွင် ကလိန်အောင်မြို့၊ ရာဖူးကျေးရွာအနီးရှိ ၎င်းပိုင်ဆိုင်သည့် ဥယျာဉ်ခြံ၌ ခြံလုပ်ငန်း လုပ်ကိုင်နေစဉ် စိစစ်ဆဲလက်နက်ကိုင်အဖွဲ့ ထောင်ထားသည့် မြေမြှုပ်မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

မိုင်းထိလူနာများအား   ရေးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူ လျက်ရှိကြောင်း သတင်း ရရှိသည်။

Read 55 times Last modified on Thursday, 12 March 2020 08:29