SJ WorldNews - шаблон joomla Авто

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ

Tuesday, 24 March 2020 12:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၃

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအားမတ် ၁၁ ရက်မှ ၂၁ ရက်အထိ ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်  ဆောင်ရွက်ပေးခဲ့သည့် တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သော  တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည်  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄) ရေတပ် ဗောတံတားသို့ ပြန်လည်ရောက်ရှိလာရာဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ အရာရှိကြီး များနှင့် အရာရှိ၊  စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြ သည်။

အဆိုပါ တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည်   ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ  ဒေသခံပြည်သူ စုစု ပေါင်း  ၇၉၄၈ ဦးကို  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ မှုဆိုင်ရာရောဂါ ၁၉၅၃ ဦး၊ ခွဲစိတ်ရောဂါ ၅၃၀ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၀၄ ဦး၊ ကလေးရောဂါ ၆၁၀ ဦး၊ အရိုးရောဂါ ၁၆၅၄  ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၀၇ ဦး၊ မျက်စိရောဂါ ၁၂၆၈ ဦးနှင့် သွားရောဂါ ၉၂၂ ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများဆောင်ရွက်ပေးပြီး ၎င်းင်းတို့အနက် မှမျက်စိခွဲစိတ်လူနာ ၈၃ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၂၃၅ ဦးတို့ကို ခွဲစိတ်ကုသမှု များဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၂၃၈ ဦး၊  Ultrasound   ရိုက်ကူးလူနာ  ၃၆၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၃၅၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၈၆ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ  ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့ပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၂၅ ဦးကိုလည်း သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော် ဆေးရုံများတွင် တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။                 

Read 14 times Last modified on Tuesday, 24 March 2020 13:08