SJ WorldNews - шаблон joomla Авто

သံဃာတော်များအား COVID-19 ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေးဟောပြော၊ လက်သန့်ဆေးရည် ဘူးများ ဆက်လက်လှူဒါန်း

Wednesday, 25 March 2020 09:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၄

COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဗဟုသုတရရှိပြီး ရောဂါကြိုတင် ကာကွယ်ခြင်းများပြုလုပ်နိုင်စေရန် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရှစ်မိုင် မစိုးရိမ်ရွှေကျင်တိုက်သစ်မှ စာချ၊ စာသင် သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်   နယ်မြေခံဆေး တပ်ရင်းမှ ပါရဂူများပါဝင်သောအဖွဲ့က COVID-19 ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဂန၀ါစက ပဏ္ဍိတ သာသနဓဇ ဓမာစရိယ မဟာဓမာ စရိယ ဘဒအမ တောဘာသအမှူးပြုသော စာချ၊ စာသင်သံဃာတော်များ ကြွရောက် တော်မူကြပြီး   ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဟောပြောပွဲအပြီးတွင် ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများက ကျောင်းတိုက်ဆရာ တော်အား ဖူးမြော်၍ လက်သန့် ဆေးရည် ဘူးများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။                          

 

Read 17 times Last modified on Wednesday, 25 March 2020 09:23