SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့နယ်၊ နောင်ဗုတ်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Wednesday, 25 March 2020 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ နောင်ဗုတ် ကျေးရွာနှင့်  ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က  အဆိုပါ ကျေးရွာရှိ   အခြေခံပညာမူလတန်းလွန် ကျောင်း၌    ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၇၂ ဦးကို အရိုး/ အကြော ရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ သွား နှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ လိပ်ခေါင်း ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ တစ်ဦးကို တောင်ကြီးမြို့ရှိ တပ်မတော် ဆေးရုံသို့ တက် ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

Read 24 times Last modified on Wednesday, 25 March 2020 09:24