SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

Thursday, 26 March 2020 09:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၅

COVID-19 ရောဂါကာကွယ်ထိန်းချုပ် မှုလုပ်ငန်းများ  အောင်မြင်စွာဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ  အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့်အဖွဲ့ဝင်များ၊  ဌာန ဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ က လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် လတ်တလော အခြေအနေများကို ဆွေးနွေးကြသည်။ ယင်း နောက် တိုင်းမှူး နှင့်တာဝန်ရှိသူများက     လွိုင်လင်မြို့နှင့် နမ့်စန်မြို့တို့၌ ကူးစက်ရောဂါဖြစ်ပွားပါက လူနာ များအား သီးသန့်ထားရှိ ကုသနိုင်ရေးအတွက် ကုသဆောင်များပြင်ဆင် ထားရှိမှု များကို လိုက်လံကြည့်ရှုခဲ့ကြ ကြောင်း သတင်း ရရှိသည်။                        

Read 19 times Last modified on Thursday, 26 March 2020 09:55