SJ WorldNews - шаблон joomla Авто

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံခုတင်(၅၀၀) သို့ အလှူငွေများနှင့်ဆေးရုံသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း

Thursday, 26 March 2020 09:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၅

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ ခုတင်(၅၀၀) သို့ ဒသမ  ညီနောင်များအဖွဲ့နှင့် MGA(Thailand) တို့မှ အလှူငွေများနှင့် ဆေးရုံသုံးပစည်းများပေး အပ်လှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ပြုလုပ်သည်။

ဦးစွာ ဒသမညီနောင်များအဖွဲ့ကိုယ်စား ဗိုလ်ချုပ်မိုးဟိန်းနှင့်  MGA(Thailand) အဖွဲ့ကိုယ်စား သံအမတ်ကြီး(ငြိမ်း) ဦးညွန့် ဆွေ တို့က လှူဒါန်းရခြင်းအကြောင်းအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဒသမညီနောင် အဖွဲ့မှ ဆေးပဒေသာ ပင်အတွက် အလှူငွေကျပ် ၁၀ သိန်း၊ ဆေးရုံအတွက် လိုအပ်သည်များ အသုံးပြုရန်  အလှူငွေကျပ်  ၂၁  သိန်း၊  ဓာတ်ခွဲခန်းသုံး ပစည်းများ ၀ယ်ယူရန် အလှူငွေကျပ်  ၁၀သိန်း၊ စုစုပေါင်း ၄၁ သိန်းတို့ကို လည်းကောင်း၊ MGA(Thailand) မှ နှာခေါင်းစည်းျြေု ၁၀၀၀ ခု၊ ဆေးရုံသုံး လက်အိတ်အစုံ  တစ်သိန်းနှင့် ဆေးရုံ အတွက် လိုအပ်သည်များ အသုံးပြုရန် အလှူ ငွေကျပ်  ၃၄  သိန်းတို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ   တပ်မတော် ဆေးရုံ ခုတင် (၅၀၀)မှ တပ်မှူး ဗိုလ်မှူးချုပ်စိန်လင်း ကလက်ခံရယူပြီး    ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ  ကျေးဇူးတင် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read 16 times Last modified on Thursday, 26 March 2020 09:56