SJ WorldNews - шаблон joomla Авто

အရှေ့တောင်တိုင်း စစ်ဌာနချု ပ်ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးရှိ စစ်မှုထမ်းဟောင်း မိသားစုများအား COVID-19 ရော၈ါ သိကောင်းစရာများနှင့်စစ်မှုထမ်းဟောင်း အိမ်ရာအတွင်း ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်

Thursday, 26 March 2020 09:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၅

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲ မှုအောက် တပ်နယ်အသီးသီးရှိ နယ်မြေခံ တပ်မတော် ဆေးရုံများမှ ကျန်းမာရေး ၀န်ထမ်း များဖြင့်   တပ်နယ်အသီးသီးရှိ  စစ်မှုထမ်းဟောင်းမိသားစုများအား   COVID-19 ရောဂါကြို တင် ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် ပိုးသတ် ဆေးဖျန်းခြင်းများကို   ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက် ရှိရာတွင် ယနေ့ မွန်းလွဲပိုင်း၌ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ နယ်မြေခံ တပ်မတော် ဆေးရုံမှ ကျန်းမာရေး ၀န်ထမ်းများဖြင့် ဖာပွန်တပ်နယ်ခန်းမ၌ ဖာပွန်စစ်မှုထမ်းဟောင်း အိမ်ရာမှ စစ်မှုထမ်း ဟောင်းမိသားစု ၀င်များအား COVID-19 ရောဂါနှင့်ပတ်သက်၍  ကျန်းမာရေးအသိ ပညာပေးဆွေးနွေးခြင်း၊ ကြိုတင်ကာကွယ် နိုင်စေရန် အတွက် စနစ်တကျလက်ဆေးခြင်းအား သရုပ်ပြသခြင်းနှင့်  COVID-19 ရောဂါကြိုတင် ကာကွယ်နိုင် စေရေး အတွက်  အထောက်အကူဖြစ်စေရန် တာဝန်ရှိသူများမှ လိုအပ်သည့်ဆေးဝါးများလှူဒါန်းခြင်း၊ စစ်မှု ထမ်းဟောင်းအိမ်ရာ အတွင်းရှိ    နေအိမ် အဆောက်အအုံနှင့် ပတ်ဝန်းကျင်တို့၌ ပိုးသတ်ဆေးများ ဖျန်းခြင်းများအား ဆောင်ရွက် ပေးသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ စစ်မှုထမ်းဟောင်း အိမ်ရာမှ စစ်မှုထမ်းဟောင်း မိသားစုဝင်များအား လည်းကောင်း၊ လှိုင်းဘွဲ့မြို့နယ်၊ ထီလုံစစ်မှုထမ်းဟောင်း အိမ်ရာမှ စစ်မှုထမ်းဟောင်း မိသားစုများ အားလည်း ကောင်း၊ မွန်ပြည်နယ်၊ ရေးမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာရှိ စစ်မှုထမ်းဟောင်း မိသားစုများအား လည်းကောင်း၊ သထုံမြို့၊   သုဓမ္မ ၀တီမြို့သစ်၊   စစ်မှုထမ်း ဟောင်းအိမ်ရာရှိ စစ်မှုထမ်းဟောင်းမိသားစု များအားလည်းကောင်း တပ်နယ် အသီးသီးရှိ  နယ်မြေခံ တပ်မတော်ဆေးရုံနှင့် ဆေးတပ်ရင်းများမှကျန်းမာရေးဝန်ထမ်းများဖြင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိ ပညာပေးဆွေးနွေးခြင်း၊ ကြိုတင်ကာကွယ်နိုင် စေရန်အတွက် စနစ်တကျ လက်ဆေးခြင်းအား သရုပ် ပြသခြင်းနှင့် COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်စေရေး အတွက် အထောက် အကူပြု ဆေးနှင့် ဆေးပစည်းများအား တာဝန်ရှိ သူများသို့ ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။         

Read 20 times Last modified on Thursday, 26 March 2020 09:59