SJ WorldNews - шаблон joomla Авто

လားရှိုးမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာများရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား COVID-19 ရောဂါနှင့် ပတ်သက်၍ ပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 26 March 2020 09:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခေးနင်းစစ်မှုထမ်းဟောင်းအိမ်ရာနှင့် တာပုံ  စစ်မှုထမ်းဟောင်းအိမ်ရာနေ   စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များအား ယနေ့နေ့လယ်ပိုင်းတွင်  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊   နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာတို့၌ COVID-19 ရောဂါနှင့်ပတ်သက်၍ ပညာပေး ဟောပြော ခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ခေးနင်းစစ်မှုထမ်းဟောင်းအိမ်ရာ နေ စစ်မှုထမ်းဟောင်း ၅၃ ဦးနှင့် မိသားစုဝင် ၁၀၂ ဦးတို့ကို ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါနှင့် ပတ်သက်၍ ပညာပေးဟောပြော ခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ သံသယ ရှိသူမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

ဆက်လက်၍ တာပုံစစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်မှုထမ်းဟောင်း ၆၆ ဦးနှင့် မိသားစုဝင်  ၄၅  ဦးတို့ကို  ကိုရိုနာ ဗိုင်းရပ် COVID-19 ရောဂါနှင့် ပတ်သက်၍ ပညာ ပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ  သံသယ ရှိသူမရှိကြောင်း    စစ်ဆေး တွေ့ရှိရသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 48 times Last modified on Thursday, 26 March 2020 09:58