SJ WorldNews - шаблон joomla Авто

လှည်းကူးမြို့နယ်ရှိ ပြည်သူ့ ကျန်းမာရေး ကွင်းဆင်း သင်တန်းဌာနနှင့် ဓမ္မဒူတ ဆေကိန္ဒာ ရာမကျောင်းတိုက်တို့၌ ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်

Thursday, 26 March 2020 09:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၅

ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား Quarantine   ဆောင်ရွက်ရာ တွင် နေထိုင်ခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းဌာနရှိ အိပ်ဆောင်များအတွင်း/ အပြင်နှင့် ပတ်ဝန်းကျင် နေရာများ၊   ရေချိုးခန်း၊  အိမ်သာများ၊  COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့်  အမျိုး သား တစ်ဦး နေထိုင်ခဲ့သော အိပ်ဆောင် အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်နေရာများ၌ COVID-19 ရောဂါကူး စက်ပြန့် ပွားခြင်း များ မဖြစ်ပေါ်စေရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ မှော်ဘီတပ်နယ် နယ်မြေခံ ဆေးတပ်ရင်းမှ ပါရဂူများ ပါဝင်သော အဖွဲ့က ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး   အဆိုပါ ဆေးတပ်ရင်းမှ ပါရဂူများ ပါဝင်သော အဖွဲ့က ပြည်ပ နိုင်ငံများမှ ပြန်လည် ရောက်ရှိလာ သည့် မြန်မာနိုင်ငံသားများ COVID-19 Quarantine ဆောင်ရွက်လျက်ရှိသည့် မှော်ဘီမြို့နယ်၊ အောက်ဝါးနက် ချောင်းကျေးရွာရှိ ဓမဒူတ ဆေကိနာရာမ ကျောင်းတိုက်ရှိ ၎င်းတို့၏ အိပ်ဆောင်များ၊ ရေချိုးခန်း၊ အိမ်သာများ၊ အဆိုပါ ကျောင်း တိုက် အတွင်း/အပြင်နှင့် ပတ်ဝန်းကျင် နေရာများအား ယနေ့ နေ့လယ်ပိုင်းတွင် ပိုးသတ် ဆေးဖျန်း ခြင်းများ ဆောင်ရွက် ပေးသည်။

ထို့ပြင် အဆိုပါ ဆေးတပ်ရင်းမှ ပါရဂူများ ပါဝင်သော အဖွဲ့သည် ဓမဒူတဆေကိနာရာမ ကျောင်းတိုက်၌  ပိုးသတ် ဆေးဖျန်းခြင်းများကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

Read 36 times Last modified on Thursday, 26 March 2020 10:00