SJ WorldNews - шаблон joomla Авто

စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိ ပညာပေး ဟောပြောပွဲပြုလုပ်

Thursday, 26 March 2020 10:01 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စစ်မှုထမ်း ဟောင်းအိမ်ရာနှင့် အဆင့်မြင့်အိမ်ရာများရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် များအား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့  လယ်ပိုင်းတွင် စစ်မှုထမ်းဟောင်း အိမ်ရာ၌ ပြုလုပ်သည်။

ဦးစွာ နယ်မြေခံ တပ်မတော်ဆေးရုံမှ ပါရဂူ များပါဝင်သော ဆေးအဖွဲ့က COVID-19 ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား အပူချိန်တိုင်း တာပေးခြင်းများ ဆောင်ရွက် ပေးသည်။ ထို့ပြင် နယ်မြေခံ တပ်မတော်သားများက စစ်မှုထမ်းဟောင်း အိမ်ရာနှင့် အဆင့် မြင့်အိမ်ရာပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖျန်းခြင်း၊ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ကြသည်။

အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အခြားမြို့နယ်များရှိ    စစ်မှုထမ်းဟောင်း အိမ်ရာများ၌လည်း COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ ပိုးသတ် ဆေးဖျန်းခြင်း၊ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။                         

Read 52 times Last modified on Thursday, 26 March 2020 10:02