SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့၊ တပ်မတော်ဆေးရုံ၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးတို့နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှုများအား သွားရောက်ကြည့်ရှု

Thursday, 26 March 2020 10:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ COVID-19 ရောဂါကြိုတင် ကာကွယ် ကုသရေးနှင့် ပတ်သက်၍ ဆေးရုံအဝင်၊ အထွက်ပေါက်များတွင် ကြပ်မတ် စစ်ဆေးနေမှု၊ ကူးစက်ရောဂါ ဖြစ်ပွားလာပါက လူနာများအား သီးသန့်ထားရှိ ကုသနိုင်ရန်အတွက် ကုသ ဆောင်များ ပြင်ဆင်ထားရှိမှု၊ အရေးပေါ် အသက်ရှူနိုင်ရန်အတွက် အောက်ဆီဂျင်ဘူးများ ပြင်ဆင်ထားရှိမှု၊ အရေးပေါ်အသက်ရှူစက် အသင့်ပြင်ဆင်ထားရှိမှု၊ ဆေးဝါးစက်ပစ္စည်း ကိရိယာများ ပြင်ဆင်ထားရှိမှုနှင့် ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံ Personal Protective Equipment များ ကြိုတင်ပြင်ဆင်ထားရှိမှုများ စီမံဆောင်ရွက် ထားရှိသည်။

ထိုသို့ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်း တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 48 times Last modified on Thursday, 26 March 2020 10:15