SJ WorldNews - шаблон joomla Авто

ကျိုင်းတုံမြို့ရှိ ဘုရားစေတီပုထိုးများနှင့် စာသင်တိုက်တို့၌ စုပေါင်းသန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်း များဆောင်ရွက်

Thursday, 26 March 2020 10:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရား၊ ခေမာရဋ္ဌဗျာဒိတ် တော်ပေးရပ် တော်မူဘုရားကြီး၊ စွမ်ခမ်းစေတီတော်၊ ခေမာရဋ္ဌပြည် ငြိမ်းအေးစေတီတော်နှင့် ဓမ္မောဒယ ပရိယတ္တိ စာသင်တိုက်တို့၌ ကိုရိုနာဗိုင်းရပ် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက် ပျံ့နှံ့မှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ် မှအရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ကျိုင်းတုံခရိုင်မီးသတ် တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင် များက ဘုရား၊ စေတီ၊ ကျောင်းများ၏ ပရိဝုဏ်အတွင်း/ အပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း နှင့် ပိုးသတ်ဆေး ဖျန်းပေးခြင်းများကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 30 times Last modified on Thursday, 26 March 2020 10:20