SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စစ်မှုထမ်းဟောင်း အိမ်ရာများရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဆွေးနွေး

Saturday, 28 March 2020 09:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြိုင်သာယာကျေးရွာရှိ အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာ (မြိုင်သာယာ)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)၊ လှည်းကူးမြို့နယ်၊ အမှတ်(၃) စစ်မှုထမ်းဟောင်းအိမ်ရာ (သပိတ်ကုန်း)နှင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများကို မတ် ၂၆ ရက်နှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့က COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်း၊ COVID-19 ရောဂါနှင့် ပတ်သက်၍   ကျန်းမာရေး စစ်ဆေးခြင်း၊ လက်ဆေးရည်များ ပေးအပ်ခြင်း၊   Mask Cover များ ပေးအပ်ခြင်းနှင့် လက်ဆေးနည်း သရုပ်ပြသခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ရန်ကုန်ဘူတာကြီးနှင့် ပတ်ဝန်းကျင် နေရာများ၌ COVID-19 ရောဂါဖြစ်ပွား မှုမရှိစေရေး ကြိုတင်ကာကွယ်ရန်အတွက် ယနေ့ညနေပိုင်းတွင် တိုက်ကြီးတပ်နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းမှ ပါရဂူများ ပါဝင်သောအဖွဲ့က ပိုးသတ်ဆေး ဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 25 times Last modified on Saturday, 28 March 2020 09:15