SJ WorldNews - шаблон joomla Авто

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ (နေပြည်တော်)ရှိအဘိုးအဘွားများအား ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေး၊ COVID-19 ရောဂါကာကွယ်နိုင်ရန် Mask များနှင့်အားဆေးများ လှူဒါန်း

Saturday, 28 March 2020 09:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၇

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ COVID-19 ရောဂါ ကာကွယ်နိုင်ရန်  Mask များနှင့် အားဆေးများကို     နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ      ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ(နေပြည်တော်)ရှိ  အဘိုးအဘွားများ အတွက် ယနေ့ညနေပိုင်းတွင် သွားရောက် လှူဒါန်းသည်။

ဦးစွာ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ  တာဝန်ရှိသူတစ်ဦးက  ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ(နေပြည်တော်)ရှိ  အဘိုးအဘွားများအတွက် Mask ၂ဝဝ ခုနှင့် အားဆေးမျိုးစုံ အလုံး ၁၅ဝဝဝ လုံးတို့ကို ပေးအပ်လှူဒါန်းရာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ထို့နောက် ပါရဂူ၊ ဆေးမှူးများက   ရိပ်သာရှိ အဘိုးအဘွားများကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးပြီး COVID-19 ရောဂါကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။       

Read 29 times Last modified on Saturday, 28 March 2020 09:23