SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများ နှင့် ကုသရေးစီမံချက်များ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

Saturday, 28 March 2020 09:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၇

COVID-19 ရောဂါနှင့်ပတ်သက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု နယ်မြေအတွင်းရှိ တပ်မတော်သားများနှင့် မိသားစုဝင်များ၊  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ COVID-19 ရောဂါမဖြစ်ပွားစေရေး တပ်မတော်ဆေးရုံများတွင် ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများနှင့် ကုသရေးစီမံချက်များ ဆောင်ရွက်ထားလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ထားရှိရာတွင် တပ်ရင်းဆေးခန်းများမှ တပ်မတော်ဆေးရုံများသို့ ရောက်ရှိလာသည့် သံသယရှိလူနာများအား ကျား/မခွဲခြား၍    လူနာဆောင်များ၌ ထားရှိရန်နှင့် ရောဂါပြင်းထန်သော လူနာများအား အထူးသီးသန့် ကြပ်မတ်ကုသဆောင်၌ထားရှိကာ လိုအပ်သောဆေးရုံ စက်ကိရိယာများဖြင့် စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပြီး   အချိန်ပြည့် စောင့်ကြပ်ကြည့်ရှုနိုင်ရန် အတွက် Monitor  များပြင်ဆင်ထားရှိခြင်း၊ အထူးကြပ်မတ် ကုသဆောင်နှင့် လူနာဆောင်တစ်ခုစီအား CCTV ကင်မရာများ ထားရှိပြီး ကုသမှု၊ ကွပ်ကဲရေးအဖွဲ့မှ အချိန်ပြည့် စောင့်ကြပ်ကြည့်ရှုကာ လိုအပ်သော ကုသမှုများ ဆောင်ရွက်ရန်၊   လူနာဆောင်များ၌ လူနာခုတင်များ၊ ဗီရို၊ လူနာသုံးပစ္စည်းများ ပြည့်စုံစွာထားရှိပြီး ရေချိုးခန်း၊ အိမ်သာများအား အဆောင်လိုက် စနစ်တကျပြင်ဆင် ထားရှိခြင်း၊   နေ့စဉ်ကျွေးမွေးမှု အနေဖြင့် လူနာများအား တစ်ခါသုံး ထမင်းဘူးများဖြင့် စီစဉ်ထားရှိပြီး   အသုံးပြုပြီးပါက   မီးရှို့ဖျက်ဆီးရန် စသည်ဖြင့် ပြင်ဆင်ဆောင်ရွက် ထားရှိသည်။

ယင်းသို့ဆောင်ရွက်ထားရှိမှုများကို ယနေ့ညနေပိုင်းတွင်   ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက    သွားရောက်ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ    ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

ထို့နောက် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ  ဗန်းမော် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် မရမ်းကုန်းမြို့နယ်ရှိ    ဝိဇ္ဇောတာရုံစာသင်တိုက်၏   ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ပဏ္ဏရသမ ရွှေကျင်သာသနာပိုင် ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတတို့အား သွားရောက်ဖူးမြော်၍ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး အာဟာရဖြည့်စွက်စာများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။     

Read 28 times Last modified on Saturday, 28 March 2020 09:55