SJ WorldNews - шаблон joomla Авто

သံဃာတော်များအား COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ပြုလုပ်

Saturday, 28 March 2020 10:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့ပေါ်ရှိ  မူလမင်းကွန်း ကျောင်းတိုက် အရိယဝံသ မြို့ဦးပရိယတ္တိ စာသင်တိုက်၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက်၊ အောင် မင်္ဂလာကျောင်းတိုက်၊ အောင်ပန်းမြို့ရှိ အေးချမ်းသာ ပရိယတ္တိ စာသင်တိုက်နှင့် ကယားပြည်နယ်၊လွိုင်ကော်မြို့ရှိ မင်းကျောင်း စာသင်တိုက်တို့ရှိ သံဃာတော်များကို ယနေ့နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ နယ်မြေခံတပ်မတော် ဆေးရုံများမှ ဆရာဝန်၊ သူနာပြုများက COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးပြီး COVID-19 ရောဂါကာကွယ်ရေးတွင် အထောက်အကူဖြစ်စေရန် ဆေးဝါးပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက COVID-19 ရောဂါအကြောင်း အများပြည်သူများ သိရှိလိုက်နာစေရန် တိုင်းစစ်ဌာနချုပ်ရှေ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို  လက်ကမ်းစာစောင်များဖြင့် ဖြန့်ဝေပေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 88 times Last modified on Saturday, 28 March 2020 10:43