SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သက်တော်ရှည် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးအား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ပြုလုပ်

Saturday, 28 March 2020 10:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ ခေမာသီဝံပရိယတ္တိ စာသင်ကျောင်းတိုက်၊ ကျွန်းပင်သာရပ်ကွက်ရှိ ဘုရားကြီးကျောင်းတိုက်နှင့် ယုဇနရပ်ကွက်ရှိ သမိဒ္ဓေါဒယသီလရှင် ကျောင်းတိုက်များရှိ သက်တော်ရှည် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများကို ယနေ့နေ့လယ်ပိုင်းတွင်  နယ်မြေခံ တပ်မတော်ဆေးရုံမှ    ပါရဂူပါဝင်သော အဖွဲ့က  COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ အပူချိန် တိုင်းတာခြင်း၊ ကိုယ်ခံအားနည်း သူများအား အားဆေး၊အကြောဆေး သွင်းပေးခြင်းနှင့် ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများအား လက်သန့်ဆေးရည်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 37 times Last modified on Saturday, 28 March 2020 10:48