SJ WorldNews - шаблон joomla Авто

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အထိမ်းအမှတ်အဖြစ် တောင်ငူမြို့၊ အထွေထွေ ရောဂါကု ဆေးရုံကြီးအတွက် သွေးလှူဒါန်း

Saturday, 28 March 2020 10:50 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၇

၂ဝ၂ဝ ပြည့်နှစ်၊  (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက တောင်ငူမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးအတွက် သွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး သွေးလှူရှင်များ အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထိုသို့ သွေးလှူဒါန်းပေးရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုများ လှူဒါန်းသည့် သွေး ပုလင်း ၇၆ လုံးကို တောင်ငူမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၊ သွေးလှူဘဏ်သို့ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Read 38 times Last modified on Saturday, 28 March 2020 10:55