SJ WorldNews - шаблон joomla Авто

တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ တက်ရောက်နေသူများကို ကြည့်ရှုအားပေး၊ COVID-19 ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

Saturday, 28 March 2020 11:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသူ အရာရှိ၊စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့်  လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် COVID-19 ရောဂါကာကွယ်ရေးအတွက် သီးခြား ကုသဆောင်ပြင်ဆင်ထားရှိမှုနှင့် ကြိုတင်ပြင်ဆင် ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း  သတင်း ရရှိသည်။

Read 37 times Last modified on Saturday, 28 March 2020 13:34