Print this page

(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် မန္တလေးမြို့၊ မကွေးမြို့၊ ပြင်ဦးလွင်မြို့နှင့် မိတ္ထီလာမြို့တို့ရှိ တပ်မတော်ဆေးရုံများအတွက် တပ်မတော်သားများက သွေးလှူဒါန်း

Saturday, 28 March 2020 11:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၇

၂ဝ၂ဝ ပြည့်နှစ်၊ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ယနေ့နေ့လယ်ပိုင်းတွင်  မန္တလေးမြို့၊ ပြည်သူ့ဆေးရုံအတွက် သွေးလှူဒါန်းကြရာ    တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုပြီး သွေးလှူရှင်များ အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများ ပေးအပ်သည်။

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်းရှိ မကွေးမြို့၊ ပြင်ဦးလွင်မြို့နှင့် မိတ္ထီလာမြို့တို့ရှိ ပြည်သူ့ဆေးရုံများအတွက် သက်ဆိုင်ရာနယ်မြေခံ တပ်မတော်သားများက သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။             

Read 58 times Last modified on Saturday, 28 March 2020 11:29