SJ WorldNews - шаблон joomla Авто

လယ်ဝေးမြို့နယ်အတွင်းရှိ အများနှင့်သက်ဆိုင်သောနေရာများ၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရာတွင် အထောက် အကူပြုနိုင်ရန် သန့်ရှင်းရေးပြုလုပ်

Sunday, 29 March 2020 10:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၈

အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကြိုတင်ကာကွယ်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ လယ်ဝေးတပ်နယ်မှ တပ်မတော်သားများက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် အတွင်းရှိ ဖောင်တော်ချက်မ စေတီတော်ရင်ပြင်၌ တံမြက်စည်းလှည်းခြင်း၊ ရေဆေး သန့်စင်ခြင်း ၊ သန့်ရှင်းရေးလုပ် ငန်းများနှင့်ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ပေါက်မြိုင်တောရကျောင်း၊ မြို့တော်ခန်းမနှင့် လယ်ဝေးဘူတာတို့တွင်လည်း နယ်မြေခံ တပ်မတော်ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများက COVID-19 ရောဂါကြိုတင်ကာကွယ်ရာတွင် အထောက် အကူပြုနိုင်ရန် ပိုးသတ်ဆေးဖျန်းခြင်း များဆောင်ရွက်ပေးပြီး လယ်ဝေးတပ်နယ်မှ တပ်မတော်သားများက ရပ်ကွက် ၆ မြို့သစ် ၅ လမ်း ပတ်ဝန်းကျင်၌ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)

Read 46 times