SJ WorldNews - шаблон joomla Авто

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး၊ ကျန်းမာရေးစစ်ဆေး

Sunday, 29 March 2020 10:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်ဆေးရုံမှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့က COVID-19 ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးအဖွဲ့က စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင် ၆၂ ဦးကို COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ စနစ်တကျ လက်ဆေးနည်းသရုပ်ပြသခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများနှင့် ရေမလို လက်ဆေးရည်များဝေငှခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မတ် ၂၇ ရက် နေ့လယ်ပိုင်းကလည်း ပြည်တပ်နယ်မှ နယ်မြေခံဆေးအဖွဲ့က ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်များရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ၀က်ထီး ကန်မြို့၊ ရဲလေ့ကျင့်ရေးသင် တန်းကျောင်းရှိ ရဲတပ်ဖွဲ့သင်တန်းသားများအား COVID-19 ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးအသိပညာပေး၍ ကျန်းမာရေးစစ်ဆေးခြင်း၊ စနစ်တကျ လက်ဆေး နည်းသရုပ်ပြသခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများနှင့် ရေမလိုလက်ဆေးရည်များ ဝေငှပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး COVID-19 ရောဂါကာကွယ်ရန် အထောက်အကူဖြစ်စေမည့် ဆေးဝါးပစ္စည်းများလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)

Read 55 times