SJ WorldNews - шаблон joomla Авто

မိုင်းဖြတ်မြို့နယ်၊ မားမွန်ကြယ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

Sunday, 29 March 2020 10:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ် မြို့နယ်၊ မားမွန်ကြယ်ကျေးရွာ၌ မတ် ၂၆ ရက်တွင် တောမီးမှတစ်ဆင့် မီးလောင်ကျွမ်း မှုစတင်ဖြစ်ပွား၍ အိမ်ခြေ ၁၈ လုံး မီးလောင်ပျက်စီးခဲ့ရာ အဆိုပါကျေးရွာရှိ မီးဘေးသင့် ပြည်သူများအား မတ် ၂၇ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ မီးဘေးသင့်ပြည်သူများအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁၀၀)

Read 64 times