SJ WorldNews - шаблон joomla Авто

တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်

Sunday, 29 March 2020 10:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မတ် - ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကောင်းခါးပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့မှ တပ်မတော်သို့ လက်နက်အပ်နှင်းခြင်းနှင့် Coronavirus Disease 2019 (COVID-19) ရောဂါ အကာအကွယ်၊ ကုသရေး နှင့်ပတ်သက်ပြီး တပ်မတော်၏ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်၌ ပြုလုပ်ရာ ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်း သတင်းဌာန ၁၂ ခုမှ သတင်းထောက် ၁၇ ဦး တက်ရောက် သတင်း ရယူကြသည်။

 

သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါကြိုတင် ကာကွယ်ရေး အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက စမ်းသပ် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့နောက်တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကောင်းခါး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ စတင်ပေါ်ပေါက်လာပုံ၊ ၂၀၁၈ ခုနှစ် သြဂုတ်လမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်အထိ ကောင်းခါးကျေးရွာ တစ်ဝိုက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါး များနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရရှိမှုအခြေအနေ များ၊ တပ်မတော်မှ တာဝန်ရှိသူများနှင့် ကောင်းခါးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့မှ တာဝန်ရှိ သူများ တွေ့ဆုံဆွေး နွေးညှိနှိုင်းပြီး ကောင်းခါးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များမှ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများအပါအ၀င် လက်နက်မျိုးစုံ ၁၈၄၆ လက် ၊ ကျည်မျိုးစုံ ၅၀၈၉၃၇ တောင့်၊ ဗုံးသီး၊ ဒုံးသီးမျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၀၉၅ လုံး၊ မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံ၊ သိမ်းဆည်းရမိမှု အခြေအနေများ၊ ကောင်းခါးပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တပ်မတော်မှ စားဝတ် နေရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ ကူညီထောက်ပံ့ပေးသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး Coronavirus Disease 2019 (COVID-19) ရောဂါ အကာအကွယ်၊ ကုသရေးနှင့်ပတ်သက်ပြီး မတ် ၂၃ ရက်တွင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေထွေရောဂါ ကုဆေးရုံကြီး(ဝေဘာဂီ)နှင့် ပြည်သူ့ ဆေးရုံများသို့ (COVID-19) ရောဂါကုသရေးအထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့မှု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံများ၌ (COVID-19) ရောဂါကုသရေးအတွက် ပြင်ဆင်ဆောင်ရွက်ထား ရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့မှု၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်ရှိ တပ်မတော်ဆေးရုံများ၌ (COVID-19) ရောဂါကုသရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့မှု၊ (COVID-19) အကာအကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများနှင့် ဆေးဝါးများအား နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ပေးအပ် လှူဒါန်းမှု၊ ယခင် (COVID-19) ရောဂါကာကွယ်၊ ကုသရေးနှင့်ပတ်သက်၍ အထူးဆေးရုံများအဖြစ် နေပြည် တော်၊ ရန်ကုန်၊ မိတ္ထီလာနှင့် အောင်ပန်းမြို့တို့တွင် တပ်မတော်ဆေးရုံ ၄ ရုံ(အရေးပေါ်လူနာအတွက် ၈ ခုတင်၊ ရောဂါပိုးတွေ့ရှိလူနာအတွက် ၁၉၂ ခုတင်) ကြိုတင် ပြင်ဆင်ထားရှိရာမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မတ်လ ၂၃ ရက်ခရီးစဉ်အတွင်း ရန်ကုန်မြို့၊ မင်္ဂလာဒုံရှိ တပ်မတော်အသည်း ရောဂါ အထူးကုဆေးရုံကြီးအား ထပ်မံတိုးချဲ့ သတ်မှတ်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည့် အခြေ အနေများ၊ တိုင်းစစ်ဌာနချုပ်များ အလိုက် သက်ဆိုင်ရာမြို့နယ်များရှိ ဆေးရုံ၊ ဆေးခန်းများသို့ ဆေးဝါးများနှင့် ဆေးရုံသုံး ပစ္စည်းများလှူဒါန်းခဲ့မှု၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားလူစည် ကားရာနေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်းများ အပါအ၀င်သန့်ရှင်းရေးနှင့် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ အခြားဘာသာဝင် ဘာသာရေး ခေါင်းဆောင်များ၊ စစ်မှုထမ်းဟောင်းများ၊ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာတို့၌ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးမှု အခြေအနေများ၊ မတ်လ ၂၇ တွင် တပ်မတော်သားများ၊ မိသားစုဝင်များ နှင့် ဝေးလံခေါင်ပါးဒေသများရှိ ပြည်သူလူထုများ အတွက် Surgical Disposable Mask (2-PLY) စုစုပေါင်း ၁၆၉၇၅၀ ခုအား တပ်မတော်လေယာဉ်များဖြင့် နေပြည်တော်မှ ဒေသအသီးသီးသို့ ပို့ဆောင်ပေးခဲ့မှု၊ တပ်မတော်သားများ၊ မိသားစုဝင်များ၊ ဒေသခံပြည်သူများအတွက် အထူးဆေးရုံများ၊ တိုင်းစစ်ဌာနချုပ်အလိုက် ဆေးရုံများ၊ စစ်မြေပြင်ဆေးတပ်ရင်းများ အသင့်ပြင်ဆင်ထားရှိမှု အခြေအနေ၊ ဒေသအလိုက်ဆေးရုံ၊ ဆေးတပ်ရင်းများ၌ စုစုပေါင်း အရေးပေါ် လူနာခုတင် ၁၃၀ ခုတင်၊ ရောဂါပိုးတွေ့ရှိလူနာအတွက် ၁၁၃၁ ခုတင် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ အရေးပေါ် သယ်ယူပို့ဆောင် ရေးအတွက် ရဟတ်ယာဉ်၊ လေယာဉ်များမှအစ ကြိုတင် ပြင်ဆင်ထားရှိမှုနှင့် အချို့ကိစ္စများတွင် သဘောတူညီချက်နှင့် ခွင့်ပြုချက်မရပါက လုပ်ငန်းများ လုပ်ဆောင်ရန် ကန့်သတ်မှုရှိသည့် အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနအသီးသီးတို့က သိရှိလိုသည်များ မေးမြန်းမှုများအပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read 91 times