SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူဖြစ်စေရန် အတွက် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ပိုးသတ်ဆေး ဖျန်းခြင်းများ ဆောင်ရွက်

Thursday, 09 April 2020 10:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ 

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် တပ်မတော်အနေဖြင့် တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိပြီး ဘာသာရေး အဆောက်အအုံ များ အပါအ၀င် အများပြည်သူ အသုံးပြုလျက်ရှိသော နေရာများကို ပိုးသတ်ဆေးဖျန်း ပေးခြင်းများနှင့် သံဃာ တော်များ၊ ဘာသာရေး အဖွဲ့များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဒကိ္ခဏ သီရိ မြို့နယ်နှင့် ဥတရသီရိမြို့နယ်တို့၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့၊ မိုးမိတ် မြို့နှင့် ပူတာအိုမြို့တို့၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့တို့၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်စစ်ဌာနချုပ်အနေဖြင့်    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေညောင်မြို့၊  ဟိုပုံးမြို့၊ ရပ်စောက်မြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ပင်လောင်းမြို့၊ တီကျစ်မြို့၊ ဖယ်ခုံမြို့၊  ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နှင့် ဖားဆောင်းမြို့တို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့၊ မိုင်းစံမြို့၊ ကွန်ဟိန်းမြို့၊ ကျေးသီးမြို့၊ မိုင်းကိုင်မြို့၊ လွိုင်လင်မြို့၊ မိုင်းပန်မြို့၊ လဲချားမြို့၊ လင်းခေးမြို့၊ နမ့်စန်မြို့၊ ခိုလမ်မြို့နှင့် မိုးနဲမြို့တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် အနေဖြင့် ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊  မိုင်းဆတ်မြို့နှင့် တုံတာမြို့တို့၌ လည်းကောင်း၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန် တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ သာကေတမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သန်လျင်မြို့ နယ်နှင့် ဒလမြို့နယ်တို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အရာတော်မြို့၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့၊  ကလေးမြို့၊ ဟုမ်္မလင်းမြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့ တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်အနေဖြင့် မန္တလေး တိုင်းဒေသကြီး၊  မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ သာစည်မြို့၊ ကျောက်ဆည်မြို့နှင့် မကွေးတိုင်းဒေသကြီး၊  စလင်းမြို့ တို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် တောင်ငူမြို့၊ ပဲခူးမြို့၊ ပြည်မြို့၊ ဥသျှစ်ပင်မြို့၊ ပေါင်းတည်မြို့၊ ပန်းတောင်းမြို့နှင့် ကရင်ပြည်နယ်၊ သံတောင် ကြီးမြို့တို့၌လည်းကောင်း ဆေးအဖွဲ့များက  ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဒေသခံ ပြည်သူများ၊ မသန်စွမ်းသူများနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များကို COVID-19 ရောဂါ နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး

စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးသရုပ်ပြခြင်း၊ Face Mask အသုံး ပြုနည်းသရုပ်ပြသခြင်းများကို ဆောင်ရွက်ပေး ကြသည်။ ထို့ပြင် ဆေးအဖွဲ့များက စေတီပုထိုး များ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံ များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရိပ်သာများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ဘဏ်များ၊ ဈေးများနှင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် နေရာများကို ပိုးသတ်ဆေး ဖျန်းခြင်း များ ဆောင်ရွက်ပေးကြသည်။

ထိုသို့ဆောင်ရွက်နေမှုများနှင့် COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး တို့အတွက် ပြင်ဆင်ဆောင်ရွက် ထားမှု များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်  တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး  အထောက် အကူပြု ဆေးဝါးများ၊ ရေမလို လက်သန့်ဆေးရည်များ၊ အပူချိန်တိုင်းသာမိုမီတာများ၊ Face Mask များ၊ PPE ၀တ်စုံများ၊ လက်ကမ်းစာစောင်များ ပေးအပ်ကြသည်။

ထို့ပြင် ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများတွင် ဆွမ်း၊ ခဲဖွယ်များ အဆင်ပြေလုံ လောက်စေရေး အတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။    

 

 

Read 43 times Last modified on Thursday, 09 April 2020 10:22